%16$s သည် %17$s (ဤမှစ၍ နောင်တွင် "Huawei"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) က ပံ့ပိုးထားသော ဝန်ဆောင်မှု ဖြစ်ပါသည်။ Huawei သည် သင်၏ ကိုယ်ရေး အချက်အလက်နှင့် ကိုယ်ပိုင် အချက်အလက်ကို လွန်စွာ အလေးအနက်ထားပြီး သက်ဆိုင်ရာ ဥပဒေများနှင့် သတ်မှတ်ထားသော လုပ်ငန်းလုံခြုံရေး စံနှုန်းများနှင့်အညီ သင့်ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် သင့်လျော်သော လုံခြုံရေး အစီအမံများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။
ဤထုတ်ပြန်ချက်တွင် ဖော်ပြပေးထားသည်မှာ-
1 ကျွန်ုပ်တို့က သင့်အကြောင်း မည်သည့်ဒေတာများကို စုစည်းရယူသလဲ။
2 ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုအသုံးပြုသလဲ။
3 ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လောက်ကြာကြာ သိမ်းဆည်းထားသလဲ။
4 ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုမျှဝေသလဲ။
5 သင်၏ အခွင့်အရေးများနှင့် ရွေးချယ်စရာများက ဘာတွေလဲ။
6 ကျွန်ုပ်တို့ထံ ဘယ်လို ဆက်သွယ်ရမလဲ။
7 ကျွန်ုပ်တို့က ဤထုတ်ပြန်ချက်ကို ဘယ်လို အပ်ဒိတ်လုပ်သလဲ။
1 ကျွန်ုပ်တို့က သင့်အကြောင်း မည်သည့်ဒေတာများကို စုစည်းရယူသလဲ။
အကောင်းဆုံး မြှင့်တင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်ုပ်တို့သည် ဤထုတ်ပြန်ချက်တွင် ဖော်ပြထားသော အောက်ပါ ရည်ရွယ်ချက်များအတွက်သာ သင်၏ ကိုယ်ရေး အချက်အလက်များကို စုစည်းရယူပြီး အသုံးပြုပါမည်- ကိုယ်ရေး ဒေတာဆိုသည်မှာ သုံးစွဲသူတစ်ဦးအဖြစ် သင့်ကို Huawei က မည်သူမည်ဝါ ခွဲခြားဖော်ထုတ်နိုင်စေသည့် အချက်အလက်မှန်သမျှကို ဆိုလိုပါသည်။
ကျွန်ုပ်တို့သည် အောက်ပါဒေတာများကို စုစည်းရယူပြီး စီမံဆောင်ရွက်ရပါမည်-
ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန် အကောင်းဆုံး မြှင့်တင်ရေးသည် ဖုန်းပေါ်တွင် ထည့်သွင်းထားသော အက်ပ်စာရင်းကို ဖတ်ရန်နှင့် ထိုမှတစ်ဆင့် ဗိုင်းရပ်စ်စကန်ဖတ်ခြင်းကို လုပ်ဆောင်ရန် အင်တာနက် ဝင်ရောက် သုံးစွဲခွင့်နှင့် အက်ပ်စာရင်း ခွင့်ပြုချက်ကို လိုအပ်ပါသည်။
သင်၏ စနစ် ခွင့်ပြုချက်များကို စနစ် ဆက်တင်မှတစ်ဆင့် စီမံနိုင်ပါသည်။
2 ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုအသုံးပြုသလဲ။
အကောင်းဆုံး မြှင့်တင်ရေး ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန်နှင့် စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဖြည့်ဆည်းဆောင်ရွက်ရန် Huawei သည် ဗိုင်းရပ်စ်စကန်ဖတ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေး ဒေတာကို စီမံဆောင်ရွက်၍ အသုံးပြုပါမည်-
ဒေတာကို အောက်ပါအတိုင်း အသုံးပြုပါသည်-
သင်သည် ယင်းကဲ့သို့ စီမံဆောင်ရွက်ခြင်းကို အောက်ပါ အပိုင်း 5 တွင် ဖော်ပြထားသည့်အတိုင်း ကန့်ကွက်နိုင်ပါသည်။
3 ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လောက်ကြာကြာ သိမ်းဆည်းထားသလဲ။
ကျွန်ုပ်တို့သည် ဤထုတ်ပြန်ချက်တွင် သတ်မှတ်ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် လိုအပ်သည့် အချိန်အတိုင်းအတာထက်ပိုပြီး သင့်ကိုယ်ရေး ဒေတာများကို ထိန်းသိမ်းထားမည်မဟုတ်ပါ။
အကောင်းဆုံး မြှင့်တင်ရေးနှင့် စပ်လျဉ်းပြီး သင့်ကိုယ်ရေး ဒေတာများကို ထိန်းသိမ်းရမည့် အချိန်ကာလ အတိအကျကို အောက်တွင် ဖော်ပြထားပါသည်-
ထိန်းသိမ်းရေးကာလ ကုန်ဆုံးသွားပြီးနောက် ဥပဒေများနှင့် စည်းမျဉ်းများက အခြားနည်းဖြင့် သတ်မှတ်ထားခြင်း မရှိလျှင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး ဒေတာများကို သင့်လျော်သည့် အချိန်အတွင်း ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင် မည်သူမည်ဝါ မဖော်နိုင်ရန် ပြုလုပ်ပါမည်။
%56$s
%57$s
%58$s
%62$s
%63$s
5 သင်၏ အခွင့်အရေးများနှင့် ရွေးချယ်စရာများက ဘာတွေလဲ။
သင့်အချက်အလက်များကို ဝင်ရောက် သုံးစွဲခွင့်၊ ဖျက်ပစ်ခွင့်တို့အပြင် အချက်အလက်များကို အသုံးပြုမှုအတွက် သင်၏ သဘောတူညီချက်ကို ရုပ်သိမ်းပိုင်ခွင့် သင့်တွင် ရှိပါသည်။ ဒေတာပိုင်ရှင်ဖြစ်သူ သင်၏ အချက်အလက် မူပိုင်ခွင့်များနှင့် ပတ်သက်၍ သင့်တွင် မေးစရာများ၊ မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များ ရှိပါက ဤထုတ်ပြန်ချက်၏ အပိုင်း 6 တွင်ဖော်ပြထားသော ဆက်သွယ်ရန် အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ကာ သင်၏ အခွင့်အရေးများကို အသုံးချပါ။ သင့်အနေဖြင့် Huawei သုံးစွဲသူ လုပ်ငန်း ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက်ကို ကိုးကားဖတ်ရှု၍လည်း ပိုမိုလေ့လာနိုင်ပါသည်။
6 ကျွန်ုပ်တို့ထံ ဘယ်လို ဆက်သွယ်ရမလဲ။
သင်၏ ကိုယ်ပိုင် အချက်အလက်ဆိုင်ရာ အခွင့်အရေးများကို အသုံးချရန်၊ မကျေနပ်ချက်ကို တိုင်ကြားရန် သို့မဟုတ် ကိုယ်ပိုင် အချက်အလsက် ကာကွယ်ရေးနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိ (DPO) နှင့် တိုင်ပင် ဆွေးနွေးရန် လိုလျှင် ကျွန်ုပ်တို့၏ %55$s စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။
သင်သည် EU/EEA တွင် နေထိုင်သည့် သုံးစွဲသူတစ်ဦးဖြစ်ပါက ကျွန်ုပ်တို့ တာဝန်ပေးထားသည့် ကိုယ်စားလှယ်ဖြစ်သော Huawei Technologies Düsseldorf GmbH ထံ consumer_privacy_eu@huawei.com တွင် ဆက်သွယ်နိုင်ပါသည်။ လိပ်စာမှာ Hansaallee 205, 40549 Düsseldorf, Germany ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ လိပ်စာ- Huawei Device Co., Ltd., No. 2 Xincheng Road, Songshan Lake Zone, Dongguan, Guangdong Province, China. ဇစ်ကုဒ်- 523808။ ပေါင်းစည်းထားသော လူမှုခရက်ဒစ်ကုဒ်- 914419000585344943။
Huawei သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ဤထုတ်ပြန်ချက် သို့မဟုတ် သက်ဆိုင်သော ဒေတာ ကာကွယ်ရေး ဥပဒေများနှင့်အညီ စီမံဆောင်ရွက်ခြင်းမရှိဟု သင် ယူဆပါက သင့်နိုင်ငံ/ဒေသရှိ ဒေသဆိုင်ရာ ဒေတာ ကာကွယ်ရေး အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် တရုတ် ဆိုက်ဘာရပ်ဝန်း စီမံအုပ်ချုပ်ရေးဌာနထံ တိုင်ကြားနိုင်ပါသည်။
7 ကျွန်ုပ်တို့က ဤထုတ်ပြန်ချက်ကို ဘယ်လို အပ်ဒိတ်လုပ်သလဲ။
ကျွန်ုပ်တို့သည် ဤထုတ်ပြန်ချက်ကို အခါအားလျော်စွာ အပ်ဒိတ်လုပ်နိုင်သောကြောင့် သင့်အနေဖြင့် အဆိုပါ ထုတ်ပြန်ချက်၏ နောက်ဆုံးဗားရှင်းကို အက်ပ် ဆက်တင်များတွင် ပုံမှန် ဝင်ရောက်စစ်ဆေးရန် တိုက်တွန်းပါသည်။ ဤထုတ်ပြန်ချက်တွင် အကြောင်းအရာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါက ကျွန်ုပ်တို့သည် ပြောင်းလဲမှု၏ သဘောသဘာဝအပေါ် မူတည်၍ အသိပေး အချက်ပြမှု ဒိုင်ယာလော့ဂ်များ၊ ပေးပို့ မက်ဆေ့ချ်များ၊ အီးမေးလ်များ စသည်တို့ကဲ့သို့သော နည်းလမ်းများဖြင့် သင့်ထံ အကြောင်းကြားပါမည်။
အရေးကြီးသည်- ဤကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက်သည် အကောင်းဆုံး မြှင့်တင်ရေး၏ ကိုယ်ပိုင် အချက်အလက်ဆိုင်ရာ ကတိပြုချက်တစ်ခု ဖြစ်ပါသည်။ နောက်ထပ် အချက်အလက်များကို သိရှိရန် %54$s ကို ဖတ်ရှုပါ။